မြိတ် စက်တင်ဘာ ၂၉

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာအုပ်စုရှိ သန္တာကျွန်းကျေးရွာပတ်လမ်းအား မြေသားပြုပြင်၍ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ငွေကျပ်သန်း ၃၀၀ ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဩဂုတ်လမှ စတင်ဆောင်ရွက်လျက်ရှိသည်။

 

မြေသားပြုပြင်ပြီး ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာပတ်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါလမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၀၄ ဒသမ ၃၀၇ သန်းဖြင့် ကျေးရွာပတ်လမ်း (၂/၀)မိုင်ရှိသည့်အနက် (၀/၄.၅၄)မိုင်မှ (၁/၀.၀၇)မိုင်အထိ လမ်းအပိုင်းအား မြေသားပြုပြင်၍ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)