ကျွန်းစု ၁ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မစမ်းပါးကျေးရွာအနီးရှိ ခိုင်ဇင်ယော်ကုမ္ပဏီ၏ ခေတ်မီရေငန်ပုဇွန်မွေးမြူရေး စီမံကိန်းမှ သိုလှောင်ဂိုဒေါင်ရုံ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က လျှပ်စစ်ဝိုင်ယာရှော့ ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ ခိုင်ဇင်ယော်ကုမ္ပဏီ ခေတ်မီရေငန်ပုဇွန် မွေးမြူရေးစီမံကိန်းမှ တာဝန်ခံ ဦးစိုးဦးနှင့် အလုပ်သမားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် ကုမ္ပဏီသိုလှောင်ဂိုဒေါင်ရုံတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)