အော့တဝါ ဇန်နဝါရီ ၁၈
ကနေဒါသယ်ယူပို့ဆောင်ရေးဌာနက မီးလောင်မှုအန္တရာယ်ရှိနိုင်သည့် ချွတ်ယွင်းချက်ပြဿနာကြောင့် Ford ကားအစီးရေ ၃၀၀၀၀၀ ကို ပြန်လည်သိမ်းဆည်းမည်ဟု ဒေသတွင်းမီဒီယာများတွင် ဇန်နဝါရီ ၁၇ ရက်က ဖော်ပြထားသည်။ ကနေဒါသယ်ယူပို့ဆောင်ရေး၏ Ford ကား မော်ဒယ်များနှင့် ပတ်သက်သည့် သတိပေးချက်တွင် အချို့သောမော်ဒယ်များ၌ အင်ဂျင်အပူပေးစနစ်သည် coolant ယိုစိမ့်မှုပြဿနာဖြစ်စေနိုင်သည်ဟု ဖော်ပြထားကြောင်း စီတီဗွီနယူးစ်တွင် ဖော်ပြထား သည်။
အင်ဂျင်အပူပေးစနစ်ကို အသုံးပြုသည့်အခါ လျှပ်စီးပတ်လမ်းပြတ်တောက်ခြင်းဖြစ်သွားနိုင်ကြောင်း၊ ယင်းသို့ချွတ်ယွင်းချက်ရှိသည့် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် ဝယ်ယူသည့်အရောင်း ကုမ္ပဏီသို့သွားရောက်ကာ အင်ဂျင်အပူပေးစနစ်ကို အစားထိုးပြင်ဆင်ခိုင်းနိုင်ကြောင်း Ford ကုမ္ပဏီက အကြံစာပေးပို့ထားသည်။
ဆင်ဟွာ


