ကင်ဂျုံအန်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်လျက်ရှိ 

၈ ဇန်နဝါရီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်လျက်ရှိကြောင်း  မီဒီယာသတင်းများက ဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ကင်ဂျုံအန်းသည် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တရုတ် နိုင်ငံသို့ လည်ပတ်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာမှ ဖော်ပြသည်။

ကင်သည် တနင်္လာနေ့ နေ့လည်တွင် အထူးရထားတစ်စင်းဖြင့် ပြုံယမ်းမြို့တော်မှ ထွက်ခွာသွားခဲ့ကြောင်း မြောက်ကိုရီးယား အာဏာရပါတီ၏ အာဘော်သတင်းစာ ရိုဒေါင်ရှင်းမူ၏ အင်္ဂါနေ့ထုတ်သတင်းစာတွင် ဖော်ပြ ခဲ့သည်။


ကင်နှင့်အတူ ၎င်း၏ ဇနီးဖြစ်သူ ရီဆိုဂျုလည်း လိုက်ပါသွားသည်ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးကို တာဝန်ရှိသူများ က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း မျက်နှာဖုံးသတင်းတွင် ဖော်ပြထားသည်။

 

mdn

 

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ဒန်တောင်မြို့တွင် တနင်္လာနေ့ညနေပိုင်းက ဘူတာရုံတစ်ခု တွင် ရဲတပ်ဖွဲ့ဝင်များ အင်အားအများအပြားချထားကြောင်း NHK က အတည်ပြုပြောကြားသည်။

နှစ်နိုင်ငံကြားရှိသော တံတား၌လည်း လုံခြုံရေး တိုးမြှင့်ခဲ့သည်။

ကင်၏ ယခုခရီးစဉ်မှာ မြောက်ကိုရီးယားနိုင်ငံသို့ အဓိကထောက်ပံ့ပေးနေသည့် တရုတ်နိုင်ငံသို့ လေးကြိမ်မြောက် သွားရောက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကလည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

ယနေ့မှာ မြောက်ကိုရီးယားခေါင်းဆောင်၏ မွေးနေ့ဖြစ်သည်။ မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု တို့ကြား ပြဿနာတစ်ခုဖြစ်စေသည့် နျူကလီးယားဖျက်သိမ်းရေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေး မည်ဟု မျှော်လင့်ရသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

mdn