၂၇ ဒီဇင်ဘာ
မြောက်ကိုရီးယားအစိုးရပိုင် သတင်းမီဒီယာများသည် ယခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ စစ်တပ်နှင့်ပတ်သက်သည့် စစ်ဆေးမှုများကို သိသိသာသာ တိုးမြှင့်ဖော်ပြခဲ့သည်။
ယခုအပတ်ကြာသပတေးနေ့က ကင်ဂျုံအန်း၏ လှုပ်ရှားမှုများနှင့်ပတ်သက်သည့် အကြောင်းအရာ ၁၀၉ ခုကို မြောက်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ကြောင်း တိုကျိုအခြေစိုက် Radiopress သတင်းအေဂျင်စီက ပြောကြားခဲ့သည်။
၂၀၁၈ခုနှစ်က ကင်၏ စစ်ရေးအကြောင်းအရာများမှာ ၂၂ ခုထိခဲ့သော်လည်း ယခုအချိန်တွင် အကြောင်းအရာပေါင်း ၃၀ အထိ ရှိလာကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အဆိုပါ အကြောင်းအရာများသည် ၂၇ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းတိုးလာခဲ့သည်။
ကင်သည် ၂၀၁၂ ခုနှစ်တွင် အကြီးဆုံးခေါင်းဆောင်ဖြစ်လာပြီးနောက် ၂၀၁၈ ခုနှစ်တွင် ကင်သည် စစ်ရေးစစ်ဆေးမှုများကို ပိုမို ပြုလုပ်ခဲ့သည်။
ပထမဉီးဆုံးအနေဖြင့် ၎င်းသည် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးစတင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့်လည်း ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့သည်။
ကင်၏ စစ်ရေးစစ်ဆေးမှုများကို မီဒီယာများက ဖော်ပြရာတွင် ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုသည် တောင်ကိုရီးယားနှင့်အတူ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများအပေါ် စိတ်ပျက်မှုကြောင့် ယခုနှစ်တွင် စစ်ရေး စစ်ဆေးမှုများ ပိုမိုများပြားလာသည်ဟု လေ့လာသူများက ယုံကြည်ကြသည်။
ကင်သည် ဒုံးကျည်ပစ်လွှတ်မှုကိုလည်း ပြန်လည်စတင်ခဲ့သည်။
ယခုလအစောပိုင်းကလည်း အာဏာရ အလုပ်သမားပါတီသည် ဆုံးဖြတ်ချက်ချသည့် ဗဟိုကော်မတီ အစည်းအဝေးပွဲကို ယခုလနှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။
ကင်သည် စုပေါင်းအင်အားကို အသုံးပြုကာ အမေရိကန်ပြည်ထောင်စုအပေါ် တင်းမာသည့် သဘောထားကို ပြသလိမ့်မည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


