၆ ဇန်နဝါရီ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်သည့် ၎င်း၏ ကတိများကို ချိုးဖောက်မည်ဟု မမျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များကို ထရန့်က ယင်းသို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက ကင်သည် မဟာဗျူဟာမြောက်သည့် လက်နက်အသစ်အကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား တားဆီးပိတ်ပင်မှုကို အာဏာရ အလုပ်သမားများပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးတွင် ပြောကြားခဲ့ပြီးနောက်ပိုင်းမှစပြီး ကမ္ဘာမှ မြောက်ကိုရီးယား နိုင်ငံအား အနီးကပ် စောင့်ကြည်နေလျက်ရှိသည်။
အဆိုပါ ဆုံးဖြတ်ချက်ချသည့် အစည်းအဝေးကို ဒီဇင်ဘာ ၃၁ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


