ကင်မရွန်းနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူ ၂၇ ဦးရှိလာ

 

 

ယောင်ဒီ၊ အောက်တိုဘာ ၉

 

ကင်မရွန်းနိုင်ငံ၏ မြို့တော်ယောင်ဒီ၌ မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ ၂၇ ဦး  ရှိလာကြောင်းနှင့် လူပေါင်းများစွာလည်း  ရွှံ့ညွန်များအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း ယောင်ဒီဒေသအုပ်ချုပ်ရေးဝန်ကြီး ပေါလ်အာတန်ဂါအင်န်ဂျီက အောက်တိုဘာ ၉ ရက်တွင် ပြောကြားသည်။

 

ဖြစ်ပွားခဲ့

 

အဆိုပါမြေပြိုမှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားခဲ့ပြီးနောက် ယောင်ဒီမြို့ရှိ အမ်ဘန်ကိုလို တောင်ကုန်းဒေသ၌ အောက်တိုဘာ ၈ ရက် ဒေသ စံတော်ချိန် ည ၈ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မြေပြိုမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၂၀ ခန့် ဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကင်မရွန်းနိုင်ငံ၏ မြို့တော်ယောင်ဒီသည် မတ်စောက်သည့် တောင်ကုန်းပေါင်းများစွာရှိသည့်အပြင် အာဖရိက၏ အစွတ်စိုဆုံးမြို့များအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။

 

ကင်မရွန်းနိုင်ငံ၌ ယခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရုတ်တရက်ရေကြီးမှု အများအပြားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ထောက်ပံ့ရေးပစ္စည်းများကို ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

 ဘာသာပြန် - အလင်းသစ်