၉ ဒီဇင်ဘာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရန်လိုသည့်အပြုအမူများပြုလုပ်ပါက အရာအားလုံး ဆုံးရှုံးသွားနိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးလိုက်သည်။

 

t1

 

ကင်ဂျုံအန်းသည် အလွန်ပါးနပ်သူဖြစ်ကြောင်း ရန်လိုသည့် အပြုအမူများပြုလုပ်လျှင် ဆုံးရှုံးစရာများနိုင်ကြောင်း ထရန့်က ၎င်း၏ တွစ်တာပေါ်တွင် ယမန်နေ့က ရေးသားခဲ့သည်။

နျူကလီးယားလျော့ချရေးနှင့်ပတ်သက်ပြီး ကတိထားရှိသည့်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကင်၏ ခေါင်းဆောင်မှုအောက်တွင် မြောက်ကိုရီးယားနိုင်ငံသည် ကြီးမားသည့် စီးပွားရေးတိုးတက်မှု အလားအလားများရှိကြောင်း ထရန့်က ထပ်လောင်းပြောကြားခဲ့သည်။

စနေနေ့က ဆိုဟေး ဂြိုလ်တုပစ်လွှတ်ရေးကွင်း၌အလွန်အရေးကြီးသည့် စမ်းသပ်မှုကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။ 

နျူကလီးယားလျော့ချရေးနှင့်ပတ်သက်ပြီး မဆုတ်သာ မတိုးသာသော အခြေအနေများမှ ရှေ့ဆက်ရန်နှင့် နှစ်ကုန်တွင် လိုက်လျောမှုများပြုလုပ်ရန် မြောက်ကိုရီးယားနိုင်ငံအား အမေရိကန်နိုင်ငံက တိုက်တွန်းထားသည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ ကြေညာချက်သည် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ပြန်လည်ပြုလည်မည့် ပုံစံပြနေသည်ဟု ဆိုသည်။

ယမန့်နေ့က Fox News နှင့် အင်တာဗျူးတွင် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး ကိုင်တွယ်ရန် အမေရိကန်စစ်တပ်မှ အသင့်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး မတ်အက်စပါက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံမှ စစ်တိုက်လျှင် မြောက်ကိုရီးယားကို ချက်ချင်းနိုင်ကြောင်း သို့သော်လည်း အမေရိကန် နိုင်ငံသည် ပွင့်ပွင့်လင်းလင်းဆွေးနွေး၍ ရနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်