၇ ဇန်နဝါရီ
ကင်ညာနိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်ဘက်အခြေစိုက်စခန်းတစ်ခုအပေါ် ပြင်းထန်သည့် တိုက်ခိုက်မှုခံရပြီး နောက်တစ်နေ့တွင် ကင်ညာနိုင်ငံသို့ တပ်ဖွဲ့များ ပိုမိုစေလွှတ်မည်ဖြစ်ကြောင်း အမေရိကန်တပ်မတော်က ယနေ့ ကြေညာလိုက်သည်။
နောက်ထပ်အင်အား ၅၀ ခန့် ဖြန့်ကြက်ခဲ့ကြောင်း အမည်မဖော်လိုသည့် အရာရှိတစ်ဦးကို ကိုကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ဆိုမာလီ အစ္စလာမ်အစွန်းရောက် အယ်လ်ရှာဘတ်အဖွဲ့၏ တိုက်ခိုက်ဖြစ်ပွားသည့် ဆိုမာလီနယ်စပ် အနီးရှိ အမေရိကန်စစ်ဘက် အခြေစိုက်စခန်းတွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀ နီးပါး ဖြန့်ကြက် ထားသည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်မှုထမ်းတစ်ဦးနှင့် ကန်ထရိုက်နှစ်ဦးတို့မှာ သေဆုံးခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိနှစ်ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုမှာ ထိပ်တန်းဗိုလ်ချုပ်ကြီးသေဆုံးခဲ့မှုအတွက် အမေရိကန်ပြည်ထောင်စုအား လက်တုံ့ပြန်ရန် ခြိမ်းခြောက်ခြင်းဖြစ်ပြီး အီရန်နိုင်ငံ ပါဝင်ပတ်သက်မှုမရှိကြောင်း အမေရိကန်တပ်မတော်မှ စိစစ်တွေ့ရှိခဲ့သည်။
ကိုးကား-အန်အတ်ခ်ျကေ
ဘာသာပြန်-မေဇော်ထက်


