ကွန်ဟိန်း  ၂၇ မေ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အခြေခံ အိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

1

 


ရှေးဦးစွာ ရှမ်းပြည်နယ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းငွေလှက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ အခြေခံသင်တန်းသူ (၅၅)ဦးနှင့် အဆင့်မြင့်သင်တန်းသူ (၁၅)ဦး စုစုပေါင်း သင်တန်းသူ ၇၀ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ရက်သတ္တပတ် (၁၄)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။


MDN