ဒေးဒရဲ အောက်တိုဘာ ၁၆
ဒေးဒရဲမြို့နယ် ကျွန်းကြားကျေးရွာ ချောင်းအတွင်းထောင်ထားသည့် ငါးဖမ်းပိုက်တွင် အလျား ခြောက်ပေခန့်ရှိ မိကျောင်းတစ်ကောင်ကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသည့် မိကျောင်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူများက ကြည့်ရှုပြီး ဘိုကလေးမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိန်းမလှကျွန်း အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း


