ကြံခင်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးလောင်မှုမီးလန့်မှု မဖြစ်ပေါ်ရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်၌ ယနေ့မွန်းလွဲပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ပြီး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်သည်။
လက်တွေ့သရုပ်ပြ
ထိုသို့ဆောင်ရွက်ရာတွင် ကြံခင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင် ဦးဆောင်ကာ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး စက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်းများအား လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


