ကျန်းမာရေးပြန်လာကောင်းမွန်လာလို့ ဇာတ်ကားပြန်ရိုက်နိုင်ပြီဖြစ်တဲ့ ဂျော့ကလူးနေးလ်

၂၄ ဇူလိုင်

 

ဟောလိဝုဒ်စူပါစတား ဂျော့်ကလူးနေးလ်ဟာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ရိုက်လက်စ ဇာတ်ကားတွေ နားကာ ဆေးရုံတက်ကုသခဲ့ရပါတယ်။ အခုအခါမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ဇာတ်ကားပြန်ရိုက်နိုင်ပြီလို့သိရပါတယ်။ 

 

ဇူလိုင်လအစောပိုင်းက အီတလီနိုင်ငံ ဆာဒီနီယားမှာ မာဆီးဒီးကားနဲ့ ဂျော့စီးလာတဲ့ ဆိုင်ကယ်ဝင်တိုက် မိတာပဲဖြစ်တယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးတဲ့နောက် ဂျော့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ ဒဏ်ရာအကြီးအကျယ်မရဘဲ အသေးစားဒဏ်ရာလေးတွေသာ ရရှိခဲ့ပါတယ်။ ဒါကြောင့်ဂျော့ဟာ ဒဏ်ရာသက်သာလို့ဆေးရုံကဆင်းပြီး အိမ်မှာမိသားစုနှင့်အတူ အနားယူနေကြတယ်လို့ ဂျော့ရဲ့ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ The Ocean’s 11 ဇာတ်ကားနဲ့ အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်ရခဲ့တဲ့ ဂျော့ဟာ အခုအခါ အီတလီနိုင်ငံမှာ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Catch-22 ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတာပဲ ဖြစ်တယ်။ အဲဒီရုပ်သံဇာတ် လမ်းတွဲကို ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်ပြသမယ်လို့လည်း သိရပါတယ်။ 

 

ဂျော့ရဲ့ဇနီးသည်ဖြစ်သူ အမေးလ်ကလူးနေးလ်နဲ့ သူတို့ရဲ့ တစ်နှစ်အရွယ် အမွှာကလေးနှစ်ဦးတို့ဟာလည်း ဂျော့နဲ့ အတူနေထိုင်ဖို့ အီတလီနိုင်ငံကို လိုက်လာကြပါတယ်။ ဂျော့ရဲ့ မိတ်ဆွေအရင်းဖြစ်တဲ့ မင်းသားတွမ်ခရု ကတော့ဂျော့ဆေးရုံတက်နေစဉ်အတွင်းမှာလည်း အားပေးစကားပြောကြားခဲ့ပြီး ဂျော့ကလူးနေးလ်ဟာ မော်တော် ဆိုင်ကယ်စီးကျွမ်းကျင်သူတစ်ယောက်ပါလို့လည်း ပြောခဲ့ပါတယ်။ နောက်တစ်ခါစီးရင် ဂရုစိုက်ပြီးစီးဖို့သတိပေးစကားလည်း တွစ်ခရုကပြောခဲ့ပါသေးတယ်။ ဒီလိုမျိုး မတော်တဆမှု ဖြစ်ပွားခဲ့ပေမယ့် ဂျော့ကို ဆိုင်ကယ်မစီးဖို့ တော့တားမြစ်လို့ရမှာ မဟုတ်ပါဘူး။  

 

ဘာသာပြန်-ခြူးစန္ဒီနွေး(မြန်မာ့အလင်း)
ကိုးကား>ဟယ်လို