ကန်ပက်လက်    ၆   ဧပြီ 

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို ဧပြီ ၄ ရက် ညနေ ၅ နာရီခွဲက ကန်ပက်လက်မြို့ Mountain Oasis ဟိုတယ်ခန်းမ၌ ကျင်းပသည်။     

ရှေးဦးစွာ ချင်းပြည်နယ်အစိုးအရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာနှင့် ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင်ရေးကိစ္စရပ်များဆွေးနွေးသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချင်းပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ချင်းပြည်နယ်ဦးစီးမှူး ဒေါက်တာမင်းဇော်ဦးက ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပြီး ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ အခက်အခဲများကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။

MDN