ကန်ပက်လက်    ၆    ဧပြီ

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ဧပြီ ၅ ရက် မွန်းလွဲပိုင်းက ကျင်ဒွေးမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးဝါးကုသသည့် လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ကျင်ဒွေးမြို့ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံဝန်းအတွင်း စံပေါ်ရိုးနှင့် ဇလပ်နီကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သည့် (၂)ခန်းတွဲ ဆရာဝန်အိမ်ရာနှင့် (၄)ခန်းတွဲ သူနာပြုဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးသည် ညနေပိုင်းတွင် မင်းတပ်မြို့ အ.ထ.က(၁)တွင် (၁၄၀×၃၀)ပေရှိ သံကူကွန်ကရက် (၂)ထပ်ကျောင်းဆောင်ဆောက်လုပ်နေမှု၊ အ.ထ.က(၂)တွင် (၆၀×၃၀)ပေ Steel Structure (၁)ထပ် စာကြည့်တိုက်ဆောက်လုပ်နေမှု၊ အ.ထ.က(၃) တွင် Steel Structure (၉၀×၃၀)ပေ (၁)ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုနှင့် အ.လ.က(ခွဲ) (၃) တွင် (၉၀×၃၀)ပေ Steel Structure (၁)ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများအား သတ်မှတ် စံချိန် စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။

MDN