ဟင်္သာတ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တာငါးဆယ်တောင် ရပ်ကွက် ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် ဟင်္သာတမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ဦးဆောင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဘွဲ့နှင်းသဘင်ကော်မတီ ပါမောက္ခ(ဌာနမှူး)များနှင့် ဘွဲ့ရ မောင်/မယ် ကျောင်းသား ကျောင်းသူ ၉၅ ဦးနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ပေးအပ်
ယနေ့ကျင်းပခဲ့သော ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ကွန်ပျူတာသိပ္ပံဘွဲ့လွန် ဒီပလိုမာ သင်တန်း၊ ကွန်ပျူတာ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့ ရရှိကြသူများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင် က သက်ဆိုင်ရာ ဘွဲ့များအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


