ကျွန်းတောကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

လှိုင်းဘွဲ ၃ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စု ကျွန်းတောကျေးရွာရှိ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မှ ထောက်ပံ့ငွေ (၂၀,၀၀၀,၀၀၀) ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်း (အရှည် ၁၃၀၀ပေ x အကျယ် ၁၂ပေ x အထူ ၆လက်မ) တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး နန်းစန်းစန်းမြင့် တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)