ဟဲဖေ ၃၁ ဇန်နဝါရီ 

လတ်ဆတ်ကောင်းမွန်သော ဟင်းသီးဟင်းရွက်များ သယ်ဆောင်ထားသည့် ကုန်တင်ကားကြီး ၁၃ စင်းသည် ဟန်းဟွေးပြည်နယ် ဟဲဖေးမြို့ရှိ လက်ကားဈေးမှ မိုင်းပေါင်း ၅၀၀ ကျော်ကွာဝေးသည့် ဝူဟန်မြို့သို့ ကူညီထောက်ပံ့ပေးရန် ဇန်နဝါရီ ၃၀ ရက်၌ စတင်ထွက်ခွာခဲ့သည်။

 

c1

 

ယင်းတန်ချိန်ပေါင်း ၃၀၀ ရှိသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များသည် ဟဲဖေးမြို့မှ ဝူဟန်မြို့ အတွက် ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး ဝူဟန်မြို့၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအပေါ် ထောက်ခံအားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝူဟန်မြို့၏ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်စဉ်အတွင်း ဈေးကွက်ထောက်ပံ့မှု အာမခံချက်ရှိရန်အတွက် ဟဲဖေးမြို့ အစိုးရအနေဖြင့် အရေးပေါ် အကြောင်းကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး လူသုံးကုန်ပစ္စည်း ထောက်ပံ့ရေးအဖွဲ့ ဖွဲ့စည်းကာ ဝူဟန်မြို့အား ကူညီထောက်ပံ့မှုများ ပြုလုပ်စေခဲ့သည်။

 

c2

 

ဟဲဖေးမြို့ ကျုံးကူသွင်း လက်ကားဈေး၏ တာဝန်ရှိသူတစ်ဦးက ဟဲဖေးမြို့ အစိုးရ၏ အကြောင်းကြားစာအား လက်ခံရရှိပြီးနောက်တွင် မိမိတို့အနေဖြင့် နေ့ညအချိန်ပိုဆင်းကာ ဟင်းသီးဟင်းရွက် ကုန်သည်များအား အရေးပေါ် စုစည်းခဲ့ကြောင်း၊ ထို့နောက် တရုတ်ယွမ်ငွေ ၂ သန်းကျော် တန်းဖိုးရှိသော ဟင်းသီးဟင်းရွက် တန်ချိန် ၃၀၀ အားမှာယူခဲ့ပြီး ယင်းပမာဏသည် အိမ်ထောင်စုပေါင်း တစ်သောင်း တစ်ပတ်တိတိ စားသုံးမှုကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်ကြောင်း၊ အဆင့်ဆင့်သော အရည်အသွေး စစ်ဆေးမှုများ ထားရှိခြင်းကြောင့် ဝူဟန်မြို့ ပြည်သူလူထုများအနေဖြင့် စိတ်ချစွာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟင်းသီးဟင်းရွက် ပို့ဆောင်မည့် ယာဉ်မောင်းများနှင့်အတူ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ပြီး ကာကွယ်ရေး ဝတ်စုံများ၊ ကာကွယ်ရေး မျက်နှာဖုံးများ၊ ပိုးသက်ဆေးများနှင့် ခရီးအပြန်တွင် လိုအပ်သည့် အစားအသောက်များကိုလည်း ယူဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ဆင်ဟွာ