၂၉ နိုဝင်ဘာ
ကရင်ပြည်နယ်၊ မြဝတီ-အာရှလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၄၆-၁၄၇) ကြား ကုန်းအဆင်းတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ခန့်က မြဝတီဘက် မှ ကော့ကရိတ်ဘက်သို့ သဲများတင်ဆောင်၍မောင်းနှင်လာသော သဲကားနှင့် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ပွဲဈေးပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ထော်လာဂျီတို့ တိုက်မိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ မြဝတီခရိုင်မီးသတ်စခန်း၊ မြဝတီမြို့နယ်မီးသတ်စခန်း၊ သင်္ဃန်း ညီနောင်နယ်မြေ မီးသတ်စခန်းတို့မှ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် လမ်းမပေါ်တွင် သဲများ ဖိတ်စင်နေမှုအား ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သဲကားမှ ယာဉ်နောက်လိုက် ကျား(၁) ဦး၊ ဈေးကားမှ ယာဉ်မောင်း ကျား (၁) ဦးနှင့် ယာဉ်နောက်လိုက် ကျား (၁)ဦး စုစုပေါင်း (၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား မြဝတီလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
MDN


