နေပြည်တော် ၂၇ မတ်

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာတွင် မတ် ၂၆ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းဆောင် (၁)ဆောင် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ယင်းနေ့ည ၆ နာရီက မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် မြဝတီမြို့၊ (၄)ရပ်ကွက်ရှိ ဓာတ်တိုင်တွင် တပ်ဆင်ထားသည့် လုပ်ငန်းသုံးမီတာပုံးအား မိုးကြိုးထိမှန်ခဲ့သဖြင့် တန်ဖိုးငွေကျပ် (၂၀)သိန်းခန့် ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN