ကသာ ၇ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းမှ သစ်များအား တရားမဝင် ခုတ်လှဲထုတ်ယူ ထားရှိမှုများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကသာခရိုင်အတွင်းရှိ ထီးချိုင့်၊ ဝန်းသို၊ ဗန်းမောက်၊ အင်းတော်မြို့နယ်များမှ တရားမဝင် သစ်ခွဲသားစုစု ပေါင်း (၆၉၆) လုံး/ချောင်း (၉၄ ဒသမ ၁၉၄၈)တန်၊ တရားမဝင် သစ်စက်အင်ဂျင် ၂ လုံးနှင့် လွှဝိုင်းအပါဝင် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်သစ်ဖြတ်စက်(ချိန်းစော) (၃)လက်တို့အား ကသာခရိုင်သစ်တောဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင် ဦးစီးသောအဖွဲ့မှ ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

 

a

 

အဆိုပါ တရားမဝင်သစ်များ ခုတ်လှဲခွဲစိတ်နေသူ ပိုင်ရှင်များအား စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လူအောင်(ကသာ)