ကသာ  ၁ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ စတုတ္ထအကြိမ် နွေရာသီ ပန်းချီသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် လူထု အခြေပြု ဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။

 

111

 

အဆိုပါ နွေရာသီ ပန်းချီသင်တန်းကို မတ် ၁ ရက်မှ ၃၁ ရက်ထိ ပန်းချီဆရာ ဦးခင်မောင်ရင်နှင့် ဆရာဦး ဝင်ခိုင်သော်တို့မှ အငယ်တန်းအဆင့်၊ အကြီးတန်းအဆင့် သင်တန်းသား ၂၀ဝ ကျော်ကို အချိန် (၂)ချိန်ခွဲခြားကာ အခမဲ့ သင်ကြားပေးခဲ့ပြီး လိုအပ်သော သင်ထောက်ကူပစ္စည်းများကို မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် အလှူရှင်များက ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း သိရသည်။

 

222

 

အခမ်းအနားတွင် အငယ်တန်းအဆင့် လိုက်နာသင်ယူမှု အကောင်းဆုံးဆု ၃ ဆု၊ အကြီးတန်းအဆင့် လိုက်နာသင်ယူမှု အကောင်းဆုံးဆု ၃ ဆု၊ ပန်းချီဆရာကြီး ဦးဘသော်ဆု ( Ba Thaw Prize) စသည့် ဆုများကို ဓာတ်ပုံဆရာ မာဃစံဝင်း၊ ပန်းချီဆရာ ဦးခင်မောင်ရင်၊ ပန်းချီဆရာ ဦးဝင်းခိုင်သော်၊ ကာတွန်းဆရာ ဦးညိုကိုနိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ တို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဟန်မျိုးကျော် (ကသာ)