ကသာ     ၂၃  ဧပြီ  

 

 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ အထက်သဖန်းဒေါင့် ကျေးရွာတွင် သစ်သားတံတား ၁ စင်း ဆောက်လုပ်ရာ ယခုအခါတွင် တံတားမှာ ပြီးစီး ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ိိ

 


အဆိုပါ သစ်သားတံတားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးရွာ ဖွံ့ဖြိုးရေး (VDP) ရန်ပုံငွေဖြင့် ကသာမြို့နယ်အတွင်း အကောင်အထည်ဖော်နေသော သစ်သား တံတား ၃ စင်း၊ ကွန်ကရစ် တံတား ၁ စင်းတို့မှ ၁ စင်း အပါအဝင်ဖြစ်သည်။ 

 

ိိိ

 


သစ်သားတံတားတည်ဆောက်နေမှုကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ တို့မှ အနီးကပ်ကြီးကြပ်ကာ  (VDP) ရန်ပုံငွေ သိန်း (၁၀ဝ) နှင့် ပြည်သူ ထည့်ဝင်ငွေ သိန်း (၃၀) တို့ဖြင့် တည်ဆောက်ခဲ့ပြီး အရှည် (၁၀ဝ) ပေ၊ အကျယ် (၁၂)ပေ၊ အမြင့် (၉) ပေ ရှိကာ သဖန်းဒေါင့် ကျေးရွာအဝင်လမ်းမကြီး နှင့် ကျောက်ထုံးကြီး-အင်းဒရန့် လမ်းမကြီးတို့ ဆက်သွယ် ပေးထားသော တံတားဖြစ်ကြောင်း သိရသည်။


    
ဟန်မျိုးကျော်(ကသာ)