ကသာ ၂၉ မတ်
ကသာမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကွမ်းယာဆိုင်များတွင် ကာမစိတ်ကြွဆေးပြားများ ရောင်းချမှုမရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးခြင်းကို ကသာမူးယစ်တပ်ဖွဲ့စု (၆) မှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးခြင်း ဖြစ်ပြီး စစ်ဆေးရာတွင် တွေ့ရှိသည့် သက်တမ်းလွန်ဆေးဝါးများ သိမ်းဆည်းခြင်းနှင့် တရားမဝင် ကာမစိတ်ကြွ ဆေးပြားများ ရောင်းချမှု ရှိ မရှိ စစ်ဆေးကာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟန်မျိုးကျော်(ကသာ)


