ကွတ်ခိုင် ၂၁ မတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ကွတ်ခိုင်မြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထူးနယ်လှည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မော်တော်ယာဉ်လိုင်စင်များ သက်တမ်းတိုးပေးခြင်းနှင့် လိုင်စင်အသစ်ပြုလုပ်ခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့ ပြည်ထောင်စုခန်းမတွင် ဆောင်ရွက်ပေးသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မူဆယ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အထူးနယ်လှည့် စစ်ဆေးရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်မှ ဦးဆောင်၍ စည်ပင်သာယာရေးကော်မတီ (ဘီးခွန်)၊ မြန်မာ့အာမခံလုပ်ငန်း၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဌာနများမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က  မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးများကို သက်တမ်းတိုးပေးခြင်း၊ ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ရာတွင် ဆိုင်ကယ်မောင်းလိုင်စင်၊ ယာဉ်နောက်လိုက်လိုင်စင်၊ သုံးဘီးမောင်း လိုင်စင်များကို  ပြုလုပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

 

mdn

 

အဆိုပါအဖွဲ့သည် မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလအတွင်း က  ကြူကုတ်(ပန်ဆိုင်း)မြို့၊ နမ့်ပေါ်ကျေးရွာတွင် လည်းကောင်း၊ ဖေဖော်ဝါရီလအတွင်းက နမ့်ခမ်းမြို့တွင် လည်းကောင်း စုစုပေါင်း မော်တော် ဆိုင်ကယ်၊ ကားသက်တမ်းတိုးခြင်း (၃၃) စီး၊ ယာဉ်မောင်းလိုင်စင် ၂၀၉ ဦး တို့အား အသီးသီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်အတွင်း ၂၀၁၈ခုနှစ်တွင် စုစုပေါင်း မော်တော်ဆိုင်ကယ်/ကား(၁၈၂)စီးနှင့် ယာဉ်မောင်းလိုင်စင် ၁၀၈၉ ဦး ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN

 

mdn