ပေကျင်း စက်တင်ဘာ ၂၃

ကုလသမဂ္ဂ၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့ ကုလသမဂ္ဂရုံး၌ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ အကောင်အထည်ဖော်ခြင်းနှင့် ကမ္ဘာတစ်ဝန်း မျှဝေခံစားရမည့် အနာဂတ်အမည်ရှိ ကမ္ဘာ့လူငယ်ဆိုင်ရာပြပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပသည်။

အခမ်းအနားသို့ China Media Group ဥက္ကဋ္ဌ Mr.Shen Haixiong နှင့် ကုလသမဂ္ဂရုံးချုပ်မှ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး တာဝန်ရှိသူ Ms. Melissa Fleming တို့က ဗီဒီယိုသတင်း စကားများပေးပို့ကြပြီး CMG  အနေဖြင့် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များကို ပိုမိုထုတ်လွှင့်ဖော်ပြ ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ အကောင်အထည်ဖော်ခြင်းနှင့် ပိုမိုတိုးတက် မြင့်မားခြင်းနှင့်အတူ တရုတ်နှင့် ကမ္ဘာ့နိုင်ငံများအကြား ပိုမိုချိတ်ဆက်မှု အားကောင်းခြင်း၊ အထင်အမြင် လွဲမှားမှုများကို ဖယ်ရှား၍ ယဉ်ကျေးမှု ကွာခြားချက်များကို ပူးပေါင်းခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ ကုလသမဂ္ဂရုံးချုပ် တာဝန်ရှိသူက တရုတ်၏ ဗဟုအမြင်အား ကြိုဆိုကြောင်းနှင့် နှစ်(၈၀)ခရီး ကောင်းမွန်သည့် ဆောင်ရွက်ချက်များကို အနာဂတ် မျိုးဆက်များအထိ ဆက်လက် ယူဆောင်သွားနိုင်ရန် ရည်ရွယ် ကြောင်း ပြောကြားပြီး တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂညွှန်ကြားရေးမှူးက ကုလသမဂ္ဂ၏ နှစ်(၈၀) ပြည့် အထိမ်းအမှတ်သည် အတိတ်ကိုသာ အာရုံမစိုက်ဘဲ အနာဂတ် တည်ဆောက်ခြင်းကို အဓိကထားရန် အခွင့်အလမ်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ၏ အတူမျှဝေ သည့် အနာဂတ်ခေါင်းစဉ်ဖြင့် လူငယ်အနုပညာ ပြိုင်ပွဲများ အတွင်းမှ ထူးချွန်သည့်လက်ရာများနှင့် လက်ရာရှင်များအား ဖော်ထုတ်ခဲ့ပြီး CGTN ၏ ကုလသမဂ္ဂ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အထူးထုတ်လုပ်ထားသည့် အစီအစဉ်အချို့ကို စတင် မိတ်ဆက်သည်။ ယနေ့ကျင်းပ သည့်အခမ်းအနားကို တရုတ်အခြေစိုက် မီဒီယာဖြစ်သည့် CGTN နှင့် တရုတ်နိုင်ငံအခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများက ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ မီဒီယာများ တက်ရောက်ကြသည်။

CGTN သည် အဆိုပါ လူငယ်အနုပညာပြိုင်ပွဲကို ဇူလိုင်လတွင် စတင်ခဲ့ပြီး နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု၊ ပညာရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်မှု စသည့် ကုလသမဂ္ဂ SDG ရည်မှန်းချက်များအပေါ် လူငယ်များ၏ အမြင်များကို ဖော်ထုတ်ခဲ့သည့်အနက် ဗီဒီယို ၁၅ ပုဒ်နှင့် ဓာတ်ပုံ ၂၀ ကို  ထူးချွန်သည့် လက်ရာများအဖြစ် ရွေးချယ်၍ CGTN ၏ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်များ၌ ဖော်ပြပေး သွားမည်ဖြစ်သည်။ ယနေ့အခမ်းအနားသို့ မာလာဝီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ထူးချွန်လူငယ်အနုပညာရှင် ရှစ်ဦး တက်ရောက်ကြသည်။

ခင်ရတနာ