ကျုံပျော် ၈ ဧပြီ
သာသနာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင် ခဲ့ကြသော စာအောင်သံဃာများနှင့် သီလရှင်များအား စာအောင်ဆု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြို့မအခြေခံပညာ မူလတန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက သာသနာရေးဆိုင်ရာ ကိစ္စများရပ်များကို လျှောက်ထားခဲ့သည်။
ထို့နောက်စာအောင်သံဃာ (၁၈) ပါးနှင့် သီလရှင်( ၆)ပါး တို့ထံသို့ စာအောင်ဆုများ အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)


