ကျုံပကိုကျေးရွာတွင် လူဦးရေ ၁၇၈၀ အတွက် အကျိုးပြုမည့် ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲ ၂၄ နိုဝင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ကျုံပကိုကျေးရွာအုပ်စု ကျုံပကိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေ ၂၃,၇၀၀,၀၀၀ကျပ်ဖြင့်(အရှည် ၁၄၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံးရေးမှူး နော်ရိုစီလင်းတို့၏အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးသွားပါ ကျုံပကိုကျေးရွာအုပ်စု ကျုံပကိုကျေးရွာ အိမ်ထောင်စု (၂၅၁) စု၊ လူဦးရေ ၁၇၈၀ တို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)