ငရုတ်ကောင်း  ၁၃   ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းတောင်ရွာနှင့် ငရုတ်ကောင်းမြို့အကြားတွင်  ယနေ့ နံနက် ၅ နာရီခန့်က ကုန်တင်ယာဉ်တစ်စီးသည် ကုန်းပေါ်သို့တက်ရာမှ ဂီယာမထိန်းနိုင်ဘဲ နောက်ပြန်လျှောကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပုသိမ်မြို့မှ ကုန်များတင်ဆောင်ပြီး ယာဉ်မောင်းမောင်ရန်နိုင်မောင်းနှင်လာသော (MDY)2P -----သည် ငရုတ်ကောင်းတောင်ရွာနှင့်ငရုတ်ကောင်းမြို့ကားလမ်းမိုင်တိုင်အမှတ် ၁၀မိုင်၊၂ဖာလုံနှင့်၃ဖာလုံအကြားကုန်းတက်၌  ဂီယာမထိန်းနိုင်ဘဲ နောက်ပြန်လျှောကျတိမ်းမှောက်ခဲ့သည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမောင်ရန်နိုင်နှင့် ယာဉ်နောက်လိုက် မောင်ရဲထက်တို့မှာ ထိခိုက်ဒဏ်ရာရရှိခြင် းမရှိခဲ့ကြောင်းသိရသည်။

 

ပြုံးမောင်မောင်(ပြန်/ဆက်)

 

ါ့နမ