၂ ဇန်နဝါရီ

ကျူးဘားနိုင်ငံ၏ ဆိုရှယ်လစ်တော်လှန်ရေး ၆၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ရင်ပြင်များတွင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကပြဖျော်ဖြေမှုများနှင့် ဖျော်ဖြေပွဲများ ကျင်းပခဲ့ကြသည်။

ဟာဗားနားဆိပ်ကမ်းအရှေ့ဘက် လာကာဘာနာ၏ စပိန်ကိုလိုနီခေတ်ရဲတိုက်ဟောင်း၌ သန်းခေါင်ယံချိန်တွင် သေနတ် ၂၁ ချက်ပစ်ဖောက်ကာ အခမ်းအနားကို စတင်ကျင်းပခဲ့သည်။

ထုံးတမ်းစဉ်လာအတိုင်း ဇန်နဝါရီ ၁ ရက်နေ့ရောက်တိုင်း ဟာဗားနားမြို့ အလီစီကာ အလုံဆို ဂရမ်း ပြဇာတ်ရုံတွင် ကျူးဘားအမျိုးသားဘဲလေးအကဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။

၁၉၅၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ဖီဒဲလ် ကတ်စထရို ဦးဆောင်သော လူထုအုံကြွမှုသည် အရှေ့ပိုင်း ဆန်တီယာဂိုတီ ကျူးဘားမြို့ကို သိမ်းပိုက်ကာ အလယ်ပိုင်း ဆန်တာကလာရာမြို့ စစ်အာဏာရှင် Fulgencio Batista ကို ဒိုမီနီကန်သမ္မတနိုင်ငံသို့  ထွက်ပြေးစေခဲ့သည်။

ထိုဖြစ်ရပ်များသည် တော်လှန်ရေး၏ အောင်ပွဲအမှတ်အသားဖြစ်ပြီး စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု၏ အစဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို