ရန်ကုန်  စက်တင်ဘာ  ၉

စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank  အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာနများ၊ ပြင်ပ မီဒီယာနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် ယမန်နေ့နှင့် ယနေ့တို့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ကိုယ်စားလှယ်အဖွဲ့တွင်ပါရှိသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များက ဖိုရမ်ဖွင့်ပွဲ အခမ်းအနား၊ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေတင်ဆက်ကပြခြင်း၊  ရုပ်သေး အကဖြင့် ဖျော်ဖြေခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ပြင်ပမီဒီယာအဖွဲ့များမှ ကိုယ်စားလှယ်များက မန္တလေးငလျင်ကြီးတွင်ပထမဆုံး ရောက်ရှိခဲ့သော ယူနန်ပြည်နယ်ကယ်ဆယ်ရေး အဖွဲ့အပါအဝင် တရုတ်ကယ်ဆယ်ရေးအဖွဲ့များ၏ ကူညီကယ်ဆယ်ရေး ပါဝင်ဆောင်ရွက်ခဲ့မှုနှင့် တရုတ်- မြန်မာ ချစ်ကြည်ရေး ပိုမိုခိုင်မြဲစေခဲ့မှုတို့နှင့် စပ်လျဉ်းသည့် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခြင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ မြန်မာလက်မှုပညာ ထုတ်ကုန်များနှင့် မြန်မာနိုင်ငံ၏ တောတောင် ရေမြေသဘာဝနှင့် ခရီးစဉ်ဒေသများ၊ လက်ဆောင်ပစ္စည်း အရောင်းပြခန်းများကို ဈေးရောင်းပွဲတော်တွင် ပါဝင်ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်