ကဝ အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို အခွန်ထမ်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပသည်။
ဆွေးနွေးပွဲတွင် ကဝမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ခင်မာရီက ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံ ဆောင်ရွက်နေသော အခွန်များအကြောင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)


