ကဝ ဩဂုတ် ၁၄
ကဝ ပဲခူးတိုင်းဒေသကြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက စာဖတ် ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်း၊ နယ်လှည့်စာကြည့် တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁ဝ နာရီက အမက (လွန်) ကြာတောကျောင်း၌ ပြုလုပ်သည်။
ဦးစွာ တာဝန်ခံဆရာမကြီး ဒေါ်သီတာမြင့်က အဖွင့်အမှာ စကားပြောကြားပြီး ကဝမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်ချိုချိုစန်းလွင်က ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်လာ စေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင် ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြ ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား ကျောင်းသူ များအား အသိပညာတိုးပွားစေ မည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင် စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ စာအုပ်များအား ဖတ်ရှုစေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။ ရဲဇော်ဟိန်း(ပြန်/ဆက်)


