လွိုင်ကော် စက်တင်ဘာ ၉
ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများ တက်ရောက်ကြသည်။
လက်ခံရယူ
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ နမ့်ဘော်ဝမ်(ခ)နှင့် လောဓမ္မရပ်ကွက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ သက်ဆိုင်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ယင်းနောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများ၏ ကိုယ်စားလှယ်များသို့ ထောက်ပံ့ငွေများ ပေးအပ်သည်။
ယနေ့ အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တတိယအကြိမ်အဖြစ် ဌာန ဆိုင်ရာ ၇၆ ခုမှ ဝန်ထမ်း ၂၄၇၄ ဦး နှင့် မိသားစုဝင် ၃၅၉၂ ဦး၊ ပြည်သူ ၈၀၀၃ ဦး စုစုပေါင်း ၁၄၀၆၉ ဦးတို့ အတွက် ဧပြီ၊ မေ၊ ဇွန် သုံးလ အတွက် ထောက်ပံ့ငွေကျပ် ၈၈၄ ဒသမ ၁၄၀ သန်း ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် “မြန်မာ့အနာ ဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅” အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို လွိုင်ကော် ပညာရေးဒီဂရီကောလိပ် ကျောင်သား ကျောင်းသူများက “လူငယ် စွမ်းရည်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ဖိုရမ်အထိမ်းအမှတ် တံဆိပ်အားအပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်တက်ရောက်ခဲ့သော ပြည်နယ်ကိုယ်စားပြု လူငယ်အဖွဲ့နှင့် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြသည့် အဆိုအကအဖွဲ့များအား ဂုဏ်ပြချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့နှင့် ဖိုရမ်နှလုံးသား” လူငယ်လှုပ်ရှားမှု မှတ်တမ်း Video Clip ပြသမှုကို ကြည့်ရှုအားပေးကြပြီး နည်းပညာ တက္ကသိုလ်(လွိုင်ကော်)မှ ကထိက ဒေါ်အိအိဇင်က မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြ၍ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက “နှလုံးသားအိမ်” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဖတ်ကြား
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ လူငယ်မောင်မယ်များက အနာဂတ် ပညာရေးနှင့် ကျွမ်းကျင်မှု၊ စီးပွားရေး အခွင့်အလမ်းများနှင့် လူငယ်စွန့်ဦးတီထွင်မှု၊ နိုင်ငံသားပူးပေါင်း ပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု၊ ရေရှည်တည်တံ့မှုနှင့် ရာသီဥတုဆိုင်ရာ အရေးယူ ဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်း ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြပြီး နည်းပညာ တက္ကသိုလ်မှ ကျောင်းသူတစ်ဦးက “မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် −၂၀၂၅” ကြေညာစာတမ်းကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


