နေပြည်တော် ၅ ဇန်နဝါရီ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လားရှိုးမြို့၊ ဟိုပိတ်ကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-လားရှိုး သွားကားလမ်းမပေါ်တွင် ဇော်ဆွတ်အောင်(ခ)မာနော် မောင်းနှင်ပြီး ကွန်ဂျာရှောင် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၃၀၅၆ ဒသမ ၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၃ ဒသမ ၂၅၆ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၄,ဝ၀ဝ၊ မြန်မာငွေကျပ် ၉၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုနမ့်ကျေးရွာအနီး၊ ဟိုပုံး-လွိုင်လင် ကားလမ်းတွင် သောင်းရွှေ(ခ)ခွန်မောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့အားလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ညနေ ၄ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည် ကားလမ်း၊ မိုင်တိုင်အမှတ် (၃၈/၂)နှင့်(၃၈/၃)ကြား၌ လူမရှိဘဲ မော်တော် ဆိုင်ကယ်တစ်စီးရပ်တန့် ထားသည်ကိုတွေ့ရှိ၍ စစ်ဆေးရာ ဘိန်းစိမ်း ၂၆ ဒသမ ၅ ကီလိုအား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)