လားရှိုး      အောက်တိုဘာ     ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးမြို့နယ်တွင်  ၂၀၂၅  ခုနှစ်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းပါရှိစေရေး ရွေးကောက်ပွဲဆိုင်ရာ     အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ  ၂ နာရီက အမှတ် (၁၀) မြို့ဝမ်ရပ်ကွက်   အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ဦးစွာ     မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ    ဦးထိန်ဝင်းက      အမှာစကားပြောကြား ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာမင်းက မဲစာရင်းပါရှိစေရေး လျှောက်ထားရမည့်ပုံစံများကို အကျယ်တဝင့် ရှင်းလင်း‌ဆွေးနွေးဟောပြောရာ တက်ရောက်လာသည့် မြို့ဝမ်ရပ်ကွက်နေ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး  ဦးဆောင်ဆွေးနွေးသူက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)