လားရှိုး ၂၀ ဧပြီ
လားရှိုး၌ ဧပြီ ၂၀ ရက် နံနက်(၇)နာရီအချိန်မှစ၍ မြို့သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းစုပေါင်း အမှိုက်ကောက်ခြင်း ဒုတိယသီတင်းပတ်ကို လုပ်ဆောင်ကြရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် တက်ရောက်အားပေး ပါဝင်ခဲ့သည်။
လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် အရပ်ဖက်လူမှုကူညီရေးအဖွဲ့များ စုပေါင်း၍ ဒုတိယအကြိမ် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ကြခြင်းဖြစ်သည်။
လားရှိုးမြို့နယ် စည်ပင်သာယာရေးရုံးဝန်း စုရပ်မှစတင်ပြီး လားရှိုး-သိန္နီလမ်းမကြီးအတိုင်း မန်ဆူဘုရားအထိ စုပေါင်းဝိုင်းဝန်းလုပ်အားပေးကြရာ ဒေသခံပြည်သူများ၊ လူမှုကူညီရေးအသင်း(၃)ဖွဲ့၊ စည်ပင်သာယာရေး ဌာနမှဝန်ထမ်းများ၊ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေး အသင်းများနှင့် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများအပါအဝင် စုစုပေါင်း အင်အား (၂၀ဝ)ခန့် ပါဝင်ခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)
ခရိုင်ပြန်/ဆက်


