လားရှိုး ၂၂ ဧပြီ
လားရှိုးမြို့၌ အရေးပေါ် အသက်ကယ်ဆေးပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လားရှိုးတက္ကသိုလ်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြဆရာ Nathan Quick-Chief executive advisor USA က စာတွေ့လက်တွေ့ သရုပ်ပြခြင်းများကို ရှင်းလင်းပြောကြားရာ နိုင်ငံ၊ ရပ်ကွက်၊ ဒေသများရှိ စောင့်ရှောက်မှုပေးရမည့်သူများ၏ အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာမှ နိုင်ငံပေါင်း (၂၅)နိုင်ငံက အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ် ပေးအပ်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ ပါဝင်လေ့ကျင့်သင်ယူ တတ်မြောက်စေလိုကြောင်း ပြောကြားသည်။
အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းအား ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ခရိုင်၊ မြို့နယ်များရှိ ပရဟိတနှင့် လူမှုကူညီရေးအသင်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး သက်တန်းအား ဧပြီ ၂၂ မှ မေ ၃ ရက်အထိ သင်တန်းနည်းပြဆရာ(၃)ဦးတို့မှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


