ရှမ်းရိုးရာဓလေ့ မီးကျည်လွှတ်တင်ပွဲကျင်းပ
မယ်စဲ့ ၈ မေ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ရှမ်းရိုးရာ ဓလေ့မီးကျည်လွှတ်တင်ပွဲ တစ်နည်းအားဖြင့် မိုးခေါ်ပွဲကို မေ၈ရက်က မြောက်ပိုင်းရပ်ကွက်ရှိ လယ်ကွင်းပြင်၌ ကျင်းပခဲ့သည်။