ရန်ကုန် စက်တင်ဘာ ၁၆
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)က လစာဝင်ငွေခွန်ဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ရန်ကင်းမြို့နယ်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)မှ ဌာနမှူး ဦးမောင်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရဲသီရိအောင်က လစာဝင်ငွေ ခွန်ဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။ ယင်း အခွန်ဆိုင်ရာ ရှင်းလင်းပွဲသို့ ကုမ္ပဏီ ၃၇၀ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုထက်


