၁၁ ဖေဖော်ဝါရီ
လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ရစ်ချတ် နော်လန် က လစ်ဗျားနိုင်ငံတွင်းရှိ ပြည်သူ့စစ်များနှင့် လက်နက်ကိုင်အုပ်စုများကို ဖျက်သိမ်းရန် လစ်ဗျားအာဏာပိုင်များကို ယမန်နေ့က တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု အစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဖာသီ ဘာရှာဂါ နှင့် တွေ့ဆုံဆွေးနွေးစဉ် အမေရိကန်သံအမတ်က မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘာရှာဂါနှင့် နော်လန်တို့ ယနေ့ တွေ့ဆုံခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့များနှင့်ပြည်သူ့စစ်များကို ဖျက်သိမ်းရန် လစ်ဗျားအာဏာပိုင်များ၏ ဆက်လက်လုပ်ဆောင်မှုများအတွက် အမေရိကန် ထောက်ခံမှု ထပ်လောင်းအတည်ပြုခဲ့ကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တွစ်တာတွင် ဖော်ပြထားသည်။
လစ်ဗျားနိုင်ငံတွင် ခိုင်မာသော ဒီမိုကရေစီ နှင့် စည်းလုံးညီညွတ်သော နိုင်ငံတစ်ခု တည်ဆောက်ရန် ယင်းကဲ့သို့ ပြည်သူ့စစ်များသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သတိပေးခဲ့သည်။
လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ခေါင်းဆောင် မွမ်မာ ဂဒါဖီ ပြုတ်ကျပြီးချိန်မှစတင်ကာ အကြမ်းဖက်မှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ပိုမိုဆိုးရွားလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


