နေပြည်တော်  ၉    ဖေဖော်ဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်က လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာအဝင်ရှိ ညောင်ပင်အနီး၊ လောက်ကိုင်-ရန်လုံကျိုင်းသွားလမ်းတွင် လမ်းလျှောက်လာသူ တရုတ်နိုင်ငံသား လော်ယီရွှီး အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,ဝ၀ဝ ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် ရှောက်ကျိန်ရှုံး(ခ)တာတီး မောင်းနှင်ပြီး ကျောက်ဖီရွှင် နှင့်  လောက်ဟွာ တို့လိုက်ပါ လာသည့် MARK II အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂,ဝ၀ဝ  ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ 

ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စု၊ ပွေးတူးကျေးရွာရှိမြစ်ဆုံကူး တိုးဆိပ်အနီး၊ မဘိမ်း-မိုးမိတ်သွားကားလမ်းတွင် လပါ မောင်းနှင်ပြီး ဇော်ယော် လိုက်ပါလာသည့် PAJERO အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၂၀၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)