နေပြည်တော် ၃၀ ဒီဇင်ဘာ 

 

တပ်မတော်မှ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက လောက်ကိုင်မြို့နယ်၊ တာရွှေထန်ကျေးရွာအုပ်စု၊ မန်ဟွားလီကျေးရွာအနီးရှိ လူနေထိုင်ခြင်းမရှိသော တောင်ယာတဲအဟောင်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၈၀  သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေပိုင်းက ပင်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆဟောင်းကျေးရွာအုပ်စု၊ နောင်ပန်ပိန်းကျေးရွာနေ ခွန်လှဖေ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၀ဝ ကိုလည်းကောင်း၊  အလားတူ နောင်ပန်ပိန်းကျေးရွာနေ ခွန်မောင်ကိန်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား