ဆီဆိုင် ၁၉ ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာ အုပ်စု၊ နောင်လုံ(မြောက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းဇရပ်၌ ဧပြီ ၁၉ ရက် နံနက် ၁၀ နာရီက လေဘေးသင့် ပြည်သူများအား အလှူရှင်များက ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က အမှာစကားပြောကြားပြီး KBZ ဘိလပ်မြေစက်ရုံမှ ဒုမန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်မြင့်နှင့် PNO(အထူးဒေသ-၆) ခွန်ဖြားဗွာခမ်း အများပြည်သူများကိုယ်စား ဗိုလ်မှူး ကျော်သူတို့က လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

mdn

 

အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကမ္ဘောဇဘိလပ်မြေစက်ရုံ (ပင်းပက်)မှ လှူဒါန်းငွေကျပ် ၁၅ သိန်း၊ တီရှပ် အထည် ၁၄၀ ထည်နှင့် (၇×၃)ပေ သွပ်အချပ် ၃၅၀ တို့ကို လည်းကောင်း၊ PNO (အထူးဒေသ-၆) ခွန်ဖြားဗွာခမ်းမှ လှူဒါန်းငွေ(၁)သိန်းနှင့် (၆)ပေသွပ် အချပ်(၅၀ဝ)တို့ကို လည်းကောင်း၊ KBZ ဘိလပ်မြေစက်ရုံမှ အထွေထွေမန်နေဂျာ ဦးဝင်းထိန်မိသားစုမှ လှူဒါန်းငွေ(၁)သိန်းကို လည်းကောင်း လေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လှူဒါန်းပြီး ပါလောပါကယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

mdn

 

ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့် နောက်လုံ(မြောက်) ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းဆောင်တစ်ဆောင်၊ လူနေအိမ်(၄၄)လုံးနှင့် တိကလိုင်ကျေးရွာတွင် လူနေအိမ်(၂)လုံးတို့က အမိုးလန်ပျက်စီးသွားပြီး လေဘေးသင့်ပြည်သူ ၁၈၃ ဦး ရှိခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)