ကျိုက်မရော ၂ ဧပြီ

ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၈ခုနှစ်ဇူလိုင်လအတွင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားaသာ ရော်ဘာ ၁၁ ဧကအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ကဒါကျေးရွာ သရက်ကုန်းဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲလင်းက ပျက်စီးရော်ဘာပင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး ပျက်စီးသွားသော ရော်ဘာခြံပိုင်ရှင် ၉ ဦးအား တစ်ဧကလျှင် တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေများကို တောင်သူတစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ကြောင်း ကဒါကျေးရွာစာရေးကြီးဦးသိန်းနိုင်ထံမှ သိရသည်။

MDN

 

mdn