အီရန်နိုင်ငံ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်ဖွဲ့    ဗိုလ်ချုပ်ကြီးဖြစ်သူ ကာစင်ဆိုလေမာနီသည် ဘဂ္ဂဒက်မြို့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ယနေ့ ထုတ်လွင့်ပြသခဲ့သည်။


လေဆိပ်ကို အဓိက ပစ်မှတ်ထားတိုက်ခိုက်သည့် ဒုံးကျည်သုံးခုသည် အနီးအနားရှိ မော်တော်ယာဉ် နှစ်စင်းကို ထိမှန်ခဲ့ပြီး ကားအတွင်းလိုက်ပါလာသည့် အီရတ်ပြည်သူ့စစ်အဖွဲ့ဝင်ငါးဉီးနှင့် ဧည့်သည်နှစ်ဉီးအပါအဝင် စုစုပေါင်း ခုနှစ်ဉီးသေဆုံးခဲ့ကြောင်း အစောပိုင်းသတင်းများအရ သိရသည်။ 


အီရန်နိုင်ငံ၏  စစ်ဗိုလ်ချုပ်ကြီးကို ပစ်မှတ်ထားပြီး အမေရိကန်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။ 


အကယ်၍ ထိုသတင်းမှန်ကန်ပါက အမေရိကန်ပြည်ထောင်စုနှင့် တင်းမာမှုများမြှင့်တက်နေချိန် ဖြစ်သဖြင့်  အီရန်နိုင်ငံအနေဖြင့် သိသိသာသာ တုန့်ပြန်လာနိုင်ဖွယ်ရှိသည်။ 

 

5


ဆိုလေမာနီသည် အီရန်နိုင်ငံ၏ ပြင်ပစစ်ဆင်ရေးများအတွက် တာဝန်ယူထားသည့် အစ္စလာမ် တော်လှန်ရေးတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဖြစ်သည့် Quds Force တပ်၏  ဗိုလ်ချုပ်ကြီဖြစ်သည်။ 


ဆိုလေမာနီသည် ဆီးရီးယားနှင့်အီရတ်ကဲ့သို့သော နိုင်ငံခြားတိုင်းပြည်များ၌ အီရန်၏ သြဇာလွှမ်းမိုးမှုတိုးချဲ့ရန်အတွက် ကြီးကြပ်ရသည့် တာဝန်ကို ယူထားရသူဖြစ်သည်။


ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်