လေးမျက်နှာ ၁၄ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်မြစ်အနောက်ဘက်ခြမ်း ခတ္တူကျေးရွာ တစ်ဖက်ကမ်းနှင့် ငဝန်မြစ်ကူးတံတား (လေးမျက်နှာ) အနီးတွင် မတ်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ကမ်းသာယာအပန်းဖြေစခန်သို့ သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်ရုံးပိတ်ရက်များအတွင်း အများပြည်သူများ စိတ်အပန်းပြေရာတွင် နာမည်ကြီးကမ်းခြေများသို့ သွားရောက်ရန် အခက်အခဲရှိသူများအနေဖြင့် ရေချိုး၍ သဘာဝလေကောင်း လေသန့်များရရှိနိုင်သည့် လေးမျက်နှာ (ကမ်းသာယာ) အပန်းဖြေစခန်းတွင် အမှတ်တရအင်္ကျီများ၊ ခရုပုတီးများ၊ ရေကူးဘောကွင်းများ၊ ရေလွှာလျှောစီးများ၊ ကလေးကစားကွင်းများ၊ အုန်းရေ၊ လတ်ဆတ်သော ဒေသထွက် ကမ်းခြေအစားအသောက်များ၊ စက်လှေများနှင့် အခြားဝန်ဆောင်မှုများဖြင့် အပန်းဖြေလာရောက်သူများ အဆင်ပြေစေရန် စီစဉ်ထားကြောင်းနှင့် သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် အပန်းဖြေလာရောက်သူ တစ်ရက်ကို (၂၀ဝ) အထက်ရှိကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)


