နေပြည်တော် ၃၀ အောက်တိုဘာ
"ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ လက်ရှပ်ဝိ၊ မော်လ်ဒိုက်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကိုမိုရင်းဧရိယာ(Comorin area)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မော်လ်ဒိုက်-ကိုမိုရင်းဧရိယာတွင် ဆက်လက် တည်ရှိနေပါသည်။
အဆိုပါ မုန်တိုင်းငယ်သည် မော်လ်ဒိုက်နိုင်ငံ၊ မာလီမြို့(Male)၏ အရှေ့မြောက်ဘက် မိုင်(၂၁၀)ခန့်နှင့် မီနီကွိုင်(Minicoy) (လက်ရှပ်ဝိ-Lakshadweep) ကျွန်း၏ အရှေ့-အရှေ့ တောင်ဘက် မိုင်(၂၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ လက်ရှပ်ဝိ ကျွန်းကို ဖြတ်ကျော်ပြီးနောက် အာရေဗျပင်လယ်သို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
MDN


