``လေးပါးကျော့ရှိန် ဝရဇိန်´´ ရုပ်ရှင်ဇာတ်ကား ဇန်နဝါရီ ၂၅ ရက်မှ စတင်၍  မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန်  ၂၁  ဇန်နဝါရီ 


အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ သားညီ ရိုက်ကူးသည့် "လေးပါးကျော့ရှိန်ဝရဇိန်" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီခွဲက  ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။


ဒါရိုက်တာ သားညီက "ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ ထုတ်လုပ်သူကပေးထားတဲ့ နာမည်ပါ အဓိကအားဖြင့် မေတ္တာတရားကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မေတ္တာတရားသည်သာ အကောင်းဆုံးလက်နက်တစ်ခုဆိုတာကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါသည်။ ဒီကားရိုက်ဖို့အတွက် အများကြီး ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ တော်တော်ခက်ခက်ခဲခဲသွားခဲ့ရပါတယ်။ ဂေါ်ရင်ဂျီကျွန်းရောက် တဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက တော်တော်လှပါတယ်။ ဒီဇာတ်ကားကို သဘာဝ အလင်းရောင်တွေနဲ့ ရိုက်ခဲ့တာပါ" ဟုပြောသည်။

 

mdn

 


အဆိုပါဇာတ်ကားတွင် မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုး၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်၊ သားညီ၊ ညီညီမင်းထက်၊ ဦးဝင်းမြိုင်၊ ဘိုဘို၊ သူဇာပွင့် တို့နှင့် အတူ အနုပညာရှင်များစွာပါဝင်ထားကာ ဘဝအခြေအနေအဆင့်အတန်းလူမှုပတ်ဝန်းကျင် ရပ်တည်ချက်နှင့် အတူ ဆန့်ကျင်ကွဲပြားခြားနားသည့် လူတန်းစားနှစ်ရပ်၏ ငွေကြေးလိုအပ်ချက်များအပေါ် မတူညီသည့် ဘဝအမြင်များကို နားလည်စေရန် တင်ပြလိုခြင်း၊ လက်ရှိလူမှုဘဝတွင် ငွေ၏သြဇာခံသဖွယ် ရပ်တည်ရှင်သန်နေရပုံကိုထင်ရှားပြသလိုခြင်း၊ လောဘကြီးသည့် လောကအမြင်နှင့် လောဘကင်းသည့် လောကအမြင်တို့၏ အပူအအေးတို့အား ဇာတ်ကောင်စရိုက်တို့ဖြင့် နှိုင်းယှဉ်ပြသလိုခြင်း၊ ပေါ့ပါးသောလူငယ်စရိုက်ဖြင့် ပင်လယ်ပြင်၏ ရှုခင်းရသများကိုပေါ်လွင်စေရန် တင်ဆက်ပြသခြင်း၊ အတွေးရသပါသည့် ဟာသ ဘဝ အမြင်အချို့ကို ပရိတ်သတ်အား ခံစား အတွေးပွားစေလိုခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။


သရုပ်ဆောင် မင်းမော်ကွန်း က``ဒီဇာတ်ကားထဲမှာ အရက်သမား တစ်ယောက်အနေနဲ့ သရုပ်ဆောင်တာပါ။ မေတ္တာတရားကို ပုံဖော်ရိုက်ကူးထားတဲ့ကားဖြစ်တာကြောင့် ရိုက်ကူးရေး အပိုင်းမှာ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အကြိမ်ကြိမ်ဆွေးနွေးတိုင် ပင်ညှိနှိုင်းမှုတွေလုပ်ခဲ့ရပါတယ်။ ဂေါ်ရင်ဂျီကျွန်းရဲ့ရိုက်ကွင်းကို ခက်ခက်ခဲခဲသွားခဲ့ရတယ်။ အားလုံးပင်ပန်းကြပါတယ်။ 

 

mdn

အကုန်လုံး တက်ညီလက်ညီ နဲ့ကြိုးစားထားတဲ့ ကားလေးပါ´´ဟုပြောသည်။ စီစဉ်ထုတ်လုပ်သူ ကိုနိုင်ဆွေက ဒီကားကိုလာကြည်တဲ့ ပရိတ်သတ်တွေကိုလည်း ဂေါ်ရင်ဂျီကျွန်းခရီးစဉ်ကို ကံစမ်းမဲဖောက်ပေး သွားမှာပါ´´ ဟုပြောသည်။


အဆိုပါဇာတ်ကားတွင် ပွဲစားတစ်ဦးအနေဖြင့် ပါဝင်သရုပ်ဆောင်ထားကြောင်း၊ ဇာတ်လမ်းနှင့် လိုက်လျောညီထွေမှုရှိစေရန် အဝတ်အစားပိုင်းကို ကြိုတင်ပြင်ဆင်ခဲ့ရကြောင်း၊ ပါဝင်သရုပ်ဆောင်ရ သည့် ဇာတ်ရုပ်အရ အသားအရည်ပိုင်းကို သဘာဝနည်းဖြင့်ရရှိစေရန်ကြိုတင် ပြင်ဆင်ခဲ့ရကြောင်း သရုပ်ဆောင် စည်ဖြိုး က ပြောသည်။


ရည်ရွယ်ချက်၊ စိတ်ဓာတ်နှင့် ဉာဉ်စရိုက် မတူညီသော သူငယ်ချင်းလေးဦးတို့ ကျွန်းတစ်ကျွန်း တွင် အတူတကွနေထိုင်ကြရာမှ အစပြု၍ ကျွန်ပေါ်သို့ရောက်ရှိလာကြသော လူစိမ်းများ၏ ပြဿနာ များနှင့်အတူ မေတ္တာတရား၊ လောဘ၊ ဒေါသ၊ မောဟများအကြောင်းကို ပေါ်လွင်အောင် ပုံဖော် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။


သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

mdn