နေပြည်တော် ၁၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာ၊ မုံရွာ-ရွှေဘိုသွားကားလမ်း မိုင်တိုင် အမှတ် (၁၅)နှင့်(၁၆)ကြားတွင် ဧပြီ ၁၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်များ၊ သစ်ပင်များ ပြိုလဲခဲ့ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူများနှင့် ပူးပေါင်း၍ လမ်းပေါ်တွင် ပိတ်ဆို့နေသည့် လမ်းမီးတိုင်များနှင့် သစ်ပင်များအား ခုတ်ထွင် ရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


